KARISMA APPAREL (MYANMAR) CO.,LTD. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

          မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော မြေကွက် အမှတ် ၁၈၊ ၁၉ နှင့် ၂၀၊ ပြည်ပ စက်မှုနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးရှိ Karisma Apparel (MYANMAR) Co.,Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။