
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ယခုနှစ်သည် အာဆီယံ-နယူးဇီလန် သံတမန် ဆက်ဆံရေး နှစ် ၄၀ ပြည့်မြောက်ခဲ့ပြီး အဆိုပါနှစ်များ အတွင်း အာဆီယံနှင့် နယူးဇီလန် ပူးပေါင်းဆောင်ရွက်မှုကို အကူအညီပေးခဲ့သည့် ဒေသတွင်း နိုင်ငံများရှိ ထူးခြားထင်ရှားစွာ ပါဝင်ခဲ့ကြသည့် ပုဂ္ဂိုလ် ၄၀ ဦးတို့အား ASEAN – New Zealand Award ဂုဏ်ပြုဆု ချီးမြှင့်ရာ မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အတွင်းရေးမှူး ဦးအောင်နိုင်ဦးအား ASEAN – New Zealand Award ကို ချီးမြှင့်ခဲ့ပါသည်။
အဆိုပါ ASEAN – New Zealand Award ချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး ဦးအောင်နိုင်ဦးမှ ဆုလက်ခံရယူခဲ့ပါသည်။