ECONOMIC TRANSFORMATION, DEVELOPMENT AND COOPERATION: THE PAST, THE PRESENT AND THE FUTURE OF MYANMAR AND POLAND ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပ

Print Friendly, PDF & Email

မြန်မာနိုင်ငံနှင့် ပိုလန်နိုင်ငံအကြား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် (၆၀) ပြည့် အထိမ်းအမှတ်နှင့် ပိုလန်နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု အတွေ့အကြုံများကို မျှဝေရန် ရည်ရွယ်၍ Economic Transformation, Development and Cooperation: The Past, The Present and The Future of Myanmar and Poland ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ တစ်ရပ်ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်မှ ၃ ရက်နေ့ထိ ရန်ကုန်မြို့ရှိ Kandawgyi Palace Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် အရာထမ်းများ တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်မှ Business Development in Myanmar ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာ သူများမှ ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ မေးခွန်းများ မေးမြန်းခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်မှ ပြန်လည်ဖြေကြားပေးခဲ့ပါသည်။

43.jpg