တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးဆိုင်ရာ ဆွေးနွေးပွဲ (၂၀၁၉) သို့ တက်ရောက်ရန် ထွက်ခွါခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာထိန်လင်းအေး၊ ဒုတိယညွှန်ကြားရေးမှူးများဖြစ်ကြသည့် ဒေါ်ဖြိုးပွင့်ဟန်နှင့် ဦးအောင်ညီဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမင်းစန်းတို့ အပါအဝင် အဖွဲ့ဝင် ၂၆ ဦးတို့သည် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့တွင် ကျင်းပပြုလုပ်မည့် “တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးဆိုင်ရာ ဆွေးနွေးပွဲ (၂၀၁၉)” သို့ တက်ရောက်ရန်အတွက် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ပါသည်။