ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ သတ္တမအကြိမ် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပပြီးစီးခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ သတ္တမ အကြိမ် မြောက် စုပေါင်း မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ် သုခိတာရာမ(ယဉ်ငေး) ကျောင်းတိုက်၌ ကျင်းပ ပြုလုပ်ခဲ့ပြီး ကျောင်းထိုင်ဆရာတော် အမှူးပြုသော သံဃာတော်များနှင့် ဌာနခွဲ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်း ခဲ့ကြပြီး ကထိန် အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းလောင်းအမျှ ဝေပေး ခဲ့ကြပါသည်။ ဆွမ်းဆက်ကပ်ပွဲသို့ စုစုပေါင်းဧည့်ပရိတ်သတ် အင်အား ၃၀ ဦးသည် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြပါသည်။