ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်များဆိုင်ရာ VIRTUAL WORKSHOP ကျင်းပခြင်း

Print Friendly, PDF & Email

Negotiating and Reforming Investment Treaties: Enhancing the Capacity of LDCs and LICs in the Asia-Pacific Region စီမံကိန်းအရ Australian National University (ANU) ၏ စီစဉ်မှုဖြင့် ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်များဆိုင်ရာ Virtual Workshop ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၉:၀၀ နာရီမှ ညနေ ၄:၀၀ နာရီအထိ ကျင်းပရာ အလုပ်ရုံဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ အရာထမ်းများ၊ သက်ဆိုင်ရာဌာနများမှ အရာထမ်းများ စုစုပေါင်း ၁၁၀ ဦး တက်ရောက်ခဲ့ကြပါ သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပထမဦးစွာ Australian National University (ANU) မှ Professor Ms. Anthea Roberts နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦးတို့က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး University of Ottawa မှ Associate Professor Mr. Wolfgang Alschner က Investment Treaty Mapping Tool နှင့် စပ်လျဉ်း၍လည်းကောင်း၊ UNCITRAL မှ Legal Officer Mr. Judith Knieper က UNCITRAL and developments in ISDS နှင့်စပ်လျဉ်း၍လည်းကောင်း၊ Ms. Anthea Roberts နှင့် University of St Andrews မှ Assistant Professor Dr. Taylor St John တိုက Update on status of ISDS reform discussions နှင့်စပ်လျဉ်း၍လည်းကောင်း၊ Lexbridge Lawyers မှ Mr. Richard Braddock၊ Ms. Anthea Roberts နှင့် Dr Taylor St John တို့က ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်များပါ IP rights နှင့် COVID-19 impacts တို့နှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီး ရှင်းလင်း တင်ပြကာ တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။