ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဒုတိယအကြိမ် ဆွမ်းဆက်ကပ်လှူဒါန်းခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏ ဒုတိယအကြိမ် ဆွမ်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

           ဆွမ်းဆက်ကပ်ပွဲတွင် ပရိသတ်များကငါးပါးသီလခံယူ ဆောက်တည်ကြပြီးဆရာတော် များထံမှ ပရိတ်တရားတော်များနားကြားကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး ဒေါ်စန္ဒာလွင်မှ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပါသည်။ ဆွမ်းဆက်ကပ်ပွဲသို့ ပြည်ထောင်စုဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ စုစုပေါင်းအင်အား ၂၃ ဦးသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ် – ၁၉ ရောဂါကာကွယ် တားဆီး ရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီကျင်းပခဲ့ကြပါသည်။