(၁၇) ကြိမ်မြောက် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီ အစည်းအဝေးသို့ တက်ရောက်ခြင်း

Print Friendly, PDF & Email

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူနှင်းဝတ်ရည်သည် ဂျပန်နိုင်ငံ၊ ကိုဘေး မြို့တွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ ကျင်းပ ပြုလုပ်သည့် (၁၇) ကြိမ်မြောက် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်လျက်ရှိပါသည်။