ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးသင်တန်းကျင်းပပြုလုပ်ခဲ့ခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် ဂျာမဏီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (GIZ) တို့ ပူးပေါင်း၍ ဝန်ထမ်းများ၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဆိုင်ရာ နားလည်မှု တိုးတက်လာစေရန်နှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အခွင့်အလမ်းများကို သိရှိနိုင်စေရန် ရည်ရွယ်ကာ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Sedona Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အရာထမ်း၊ အမှုထမ်း စုစုပေါင်း ၂၃ ဦး တက်ရောက်ခဲ့ကြကာ သင်တန်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှ ၅ ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။