အဖွဲ့အစည်းဆိုင်ရာစွမ်းဆောင်ရည်တိုးတက်စေရန် “KAIZEN” WORKSHOP ကျင်းပပြုလုပ်ခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက်စေရန်အတွက် “KAIZEN for Institutional capacity Development” အလုပ်ရုံ ဆွေးနွေးပွဲကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏ ကူညီပံ့ပိုးမှုဖြင့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ လ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ အမှာစကား ပြောကြားရာတွင် “ ယခုဆွေးနွေးပွဲမှရရှိသည့် အခြေခံသဘောတရားများကို မိမိတို့ ဖြတ်သန်းကျင်လည်နေရသည့် လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချနိုင်ရေး ကြိုးပမ်း ဆောင်ရွက် သွားကြရန်” ထည့်သွင်းပြောကြားခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများ စုစုပေါင်း ၂၈ ဦး တက်ရောက်ခဲ့ကြပါသည်။