LEADERSHIP DIALOGUE သို့ တက်ရောက်ခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံ၏ ပြောင်းလဲခြင်းဆိုင်ရာလုပ်ငန်းစဉ်များထဲမှ ခေါင်းဆောင်မှုနှင့်စပ်လျဉ်းသည့် လုပ်ဆောင်မှု များ တက်ကြွလာစေရန် ရည်ရွယ်၍ Myanmar Change Agent Network မှ Leadership Dialogue အခမ်းအနားကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က ရန်ကုန်မြို့ Goethe Villa၊ Auditorium ၌ ကျင်းပပြုလုပ်ခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး တက်ရောက်ခဲ့ပြီး၊ ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ခဲ့ပါသည်။