
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် Myanmar Centre for Responsible Business (MCRB) တို့ ပူးပေါင်း၍ တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းများဆောင်ရွက်ခြင်းနှင့်သက်ဆိုင်သည့် Handling Complaints and Grievances သင်တန်းအား ၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (ရုံးချုပ်) ၌ ဆက်လက်ကျင်းပခဲ့ပါသည်။
အဆိုပါသင်တန်းသတ္တမမြောက်နေ့တွင် MCRB မှ သင်တန်းပို့ချသူများက Handling Complaints and Grievances ခေါင်းစဉ်ဖြင့် နစ်နာမှုဖြေရှင်းသည့်နည်းလမ်း၏ အဓိပ္ပာယ်၊ ၎င်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုဥပဒေအပါအဝင် သက်ဆိုင်သည့် ဥပဒေမူဘောင်၊ ထိရောက်မှုရှိသော နစ်နာမှုဖြေရှင်းသည့်နည်းလမ်းများနှင့် နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိ သည့် မူဘောင်များအား သင်တန်းတက်ရောက်သူများ သိရှိနားလည်စေရန် ဆွေးနွေးပို့ချခဲ့ ပါသည်။
သင်တန်းသတ္တမနေ့ဖြစ်သည့် ၂၀၁၇ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် MCRB မှ သင်တန်း ပို့ချသူများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများနှင့် ဝန်ထမ်း များ စုစုပေါင်း ၃၅ ဦး တက်ရောက်ခဲ့ကြပါသည်။