
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမြင့်အောင် နှင့် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် Outskin Sportswear Myanmar Limited၊ General Textile (Myanmar) Apparel Co., Ltd၊ Meier Global Myanmar Co., Ltd၊ L & Z Marine Products Limited နှင့် Y Complex Co., Ltd. တို့က တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန်နှင့် စီးပွားဖြစ်စတင်သောနေ့ သတ်မှတ်ပေးပါရန် တင်ပြ လာမှုအပေါ် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် video conferencing system အသုံးပြု၍ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။