VIDEO CONFERENCING SYSTEM ဖြင့် တွေ့ဆုံ ဝန်ဆောင်မှုပေးခြင်း

Print Friendly, PDF & Email

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သော စစ်ဆေးရေးအဖွဲ့သည် ရွှေပြည်သာမြို့နယ်၊   လှိုင်သာယာမြို့နယ်၊ အင်းစိန်မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တို့တွင် လုပ်ငန်း ဆောင်ရွက် လျက်ရှိသော  Supreme Asia Garment Factory Limited  ၊ J-Land Myanmar Company Limited ၊ Global  Apparel Textile (Myanmar) Manufacturing Company Limited၊ Sioen Myanmar Limited၊ Hong Sheng (Myanmar) Industrial Company Limited၊ Kseng (Myanmar) Apparel Company Limited၊ The K-World Company Limited ၊ Mynet Korea Company Limited ၊ Soki Bag & Accessories (Myanmar) Company Limited ၊ Tong Fa Plastic Insustry (Myanmar) Company Limited ၊ K-Won & MICC Company Limited၊ Prisen Guo (Myanmar) Apparel Company Limited တို့အား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၄၊ ၁၅၊ ၁၇၊ ၁၈ ရက်နေ့တို့တွင် Coronavirus Disease 2019(COVID-19) ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူးဂရုပြုလိုက်နာရမည့် အချက်များ (Version 4.0) (Version 4.1) (Version 5.0) တို့အား လိုက်နာ ဆောင်ရွက်ထားရှိမှု အခြေအနေကို video conferencing system အသုံးပြု၍ စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။