THE REPORT MYANMAR 2017 စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကျင်းပခြင်း

Print Friendly, PDF & Email

Oxford Business Group (OBG) မှ ထုတ်ဝေပြီးဖြစ်သည့် The Report Myanmar 2017 စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ နံနက် ၀၈: ၀၀ နာရီတွင် ရန်ကုန်မြို့၊ Chatrium Hotel ကျင်းပပြုလုပ်ခဲ့ပါသည်။  အဆိုပါ အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် မှ အဖွင့် မိန့်ခွန်းပြောကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး များ တက်ရောက်ခဲ့ကြပါသည်။