နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများနှင့် အိမ်ရှင်နိုင်ငံအကြား အငြင်းပွားမှုနှင့် နစ်နာမှုများဆိုင်ရာ ဖြေရှင်းသည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

Print Friendly, PDF & Email

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများနှင့် အိမ်ရှင်နိုင်ငံအကြား ဖြစ်ပွားသည့် အငြင်းပွားမှု များနှင့် နစ်နာမှုများအား ဖြေရှင်းသည့်နည်းလမ်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၇ ခုနှစ် မတ်လ ၂၄ ရက်နေ့ နံနက် ၉:၀၀ တွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။

              အလုပ်ရုံဆွေးနွေးပွဲအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)နှင့်အပြည်ပြည် ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) တို့ ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှု များအား စေ့စပ်ညှိနှိုင်းပေးခြင်း၊ အနုညာတစီရင်ဆုံးဖြတ်ခြင်းတို့ဖြင့် ကူညီဖြေရှင်းရန်အတွက် International Centre for Settlement of Investment Disputes (ICSID) ၏ အခန်း ကဏ္ဍအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

              အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် World Bank Group မှ Senior Private Sector Specialist ဖြစ်သူ Mr. Charles Schneider တို့မှ အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ပါသည်။

                   ထို့နောက် International Centre for Settlement of Investment Disputes မှ Deputy Secretary – General ဖြစ်သူ Mr. Gonzalo Flores မှ ရင်းနှီးမြှုပ်နှံသူနှင့် အိမ်ရှင်နိုင်ငံအကြား ဖြစ်ပွားသည့် အငြင်းပွားမှု ဖြေရှင်းရာတွင် ICSID ၏ အခန်းကဏ္ဍအား အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူ World Bank Group မှ ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၆၀) ဦးခန့်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲအား မွန်းလွဲ (၁၂:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။