တရုတ်ဘာသာစကားသင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများ၏ ဘာသာစကား စွမ်းရည်တိုး တက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် တရုတ်ဘာသာစကား  သင်တန်းဆင်းပွဲ အခမ်း အနားကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၌ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့နံနက်၁၀နာရီတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအခမ်းအနား၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးယဉ်ကျေးမှုသံမှူးMr. Tian Shantingတို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းမှာ ၃ လကြာမြင့်ခဲ့ပြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းစုစုပေါင်း (၂၉) ဦးတက်ရောက်ခဲ့ပါသည်။