“NOATEX STARRY MYANMAR LTD.”နှင့် “HONG RI (MYANMAR) CO., LTD.” တို့သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော လှိုင်သာယာမြို့ နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ “Noatex Starry Myanmar Ltd.” နှင့်  “Hong Ri (Myanmar) Co., Ltd.”သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ၂၇ ရက်နေ့တွင် စီးပွားဖြစ် စတင်ရန် ဆောင်ရွက် ထားမှု အခြေအနေများအား သွားရောက်စစ်ဆေးပြီး လိုအပ်သည်များ ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ပါသည်။