
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့် ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၆ ရက် နေ့မှ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုမူဝါဒသုံးသပ်ခြင်းဆိုင်ရာ ဒေသတွင်းဖိုရမ်နှင့် အာဆီယံနိုင်ငံများမှ အရာရှိများအတွက်ရင်းနှီးမြှုပ်နှံမှုမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လျက်ရှိပါသည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှုမူဝါဒ သုံးသပ်ခြင်းဆိုင်ရာဒေသတွင်းဖိုရမ်၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်က မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် စိန်ခေါ်မှုများကို Panelist အဖြစ် ပါဝင်ဆွေးနွေးခဲ့ပါသည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အာဆီယံနိုင်ငံများမှ အရာရှိများအတွက် ရင်းနှီးမြှုပ်နှံမှုမူဝါဒဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ၌ ညွှန်ကြားရေးမှူး ဉီးမျိုးမင်းမှ Implementation of the IPA Survey at the ASEAN level- Implications and Benefits ခေါင်းစဉ်ဖြင့် ဆွေးနွေးမည်ဖြစ်ပါသည်။
အဆိုပါဒေသတွင်းဖိုရမ်နှင့် အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခြင်းဖြင့် Investment Policy Reviews ပြုလုပ်ခြင်းမှရရှိသော တွေ့ရှိချက်များ၊ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်မှုအခြေအနေများ၊ အတွေ့အကြုံများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အမြင်ချင်းဖလှယ်ဆွေးနွေးခွင့် ရရှိစေမည်ဖြစ်ပါသည်။