VIDEO CONFERENCING SYSTEM စနစ်ဖြင့် တွေ့ဆုံဝန်ဆောင်မှုပေးခြင်း

Print Friendly, PDF & Email

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေး အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သော စစ်ဆေးရေးအဖွဲ့သည်  လှိုင်သာယာမြို့နယ် နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသော Anita Asia Limited၊ Myanmar Guotai Huasheng Glory Fashion Co., Ltd.  တို့အား Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ ဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူးဂရုပြုလိုက်နာရမည့်အချက်တို့အား လိုက်နာ ဆောင်ရွက်ထားရှိမှု အခြေအနေကို ၂၀၂၀ပြည့်နှစ် အောက်တိုဘာ လ ၂၈ ရက်နေ့တွင် video conferencing system အသုံးပြု၍ စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။