VIDEO CONFERENCING SYSTEM ဖြင့် တွေ့ဆုံဝန်ဆောင်မှုပေးခြင်း

Print Friendly, PDF & Email

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သော စစ်ဆေးရေးအဖွဲ့သည်  ရွှေပြည်သာမြို့နယ် တွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသော Myanmar Xiang Rui Fashion Limited ၊ Fidelity Garment Manufactory International Limited၊ Golden Trogon Industry Company Limited (ရွှေဇာမဏီ စက်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်)၊ Myanmar Chaofa Leatherware Limited၊ Kanaan International Company Limited တို့အား Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ ဖြစ် သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူးဂရုပြု လိုက်နာရမည့် အချက်တို့အား လိုက်နာ ဆောင်ရွက်ထားရှိမှု အခြေအနေကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင်  video conferencing system အသုံးပြု၍ စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။