
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် (၁၀၉၅/၂၀၁၆)ဖြင့် CMP စနစ်ဖြင့် အထည်ချုပ် လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် မြေကွက်အမှတ်-၄၊ မြေတိုင်းရပ်ကွက်အမှတ် (င-၁၂)၊သာဓုကန် စက်မှုဇုန်၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးရှိ Yangon Panatex Apparel Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနနှင့် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့သည် ကုမ္ပဏီ၏ တည်ဆောက် ပြီးစီးမှုအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှု၊ ထုတ်လုပ်မှု ၊ ပြည်တွင်း ပြည်ပ ဝန်ထမ်းခန့်ထားမှု အခြေအနေ၊ ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေ အနေတို့ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။