![](/wp-content/uploads/2023/06/mifer.png)
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈/၂၀၂၃) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြပါသည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှု ကဏ္ဍတွင် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁)ခုနှင့် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၁)ခုကို အတည်ပြုပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် wearing apparel အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် down and feather အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းတို့ ဖြစ်ပါသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာကျပ် ၂,၀၅၄.၃၂၅ သန်း နှင့် အမေရိကန်ဒေါ်လာ ၁၄.၇၇၅ သန်း ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၉,၂၁၆) ဦးအတွက် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် အစည်းအဝေးတွင် မတည် ငွေရင်းပမာဏ တိုးမြှင့်မည့် လုပ်ငန်း (၁)ခုအပါအဝင် အထွေထွေ ကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၅)ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။