နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့

Print Friendly, PDF & Email

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် နေပြည်တော်ကောင်စီ အဖွဲ့ဝင် နေပြည်တော်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးဇေယျာလင်း တို့သည် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ  ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက် နေ့တွင် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်၊ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်တို့ဖြင့် ဆောင်ရွက်လျက် ရှိသော ကုမ္ပဏီ (၃) ခု၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသို့ သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။