ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Print Friendly, PDF & Email

ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ သီရိပျံချီ ဦးခက်ထိန်နန် ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ ရုံး၌ ကျင်းပသည်။ အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။  

          အစည်းအဝေးတွင် ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီသည် ဖက်စပ်နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် မက္ကဒေးမီးယားနှင့် ပင်မှည့်သီး စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ရော်ဘာ စိုက်ပျိုးထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း (၂) ခုတို့ကို အတည်ပြုသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ  ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၁၀၆၇ခု ဖန်တီးပေးနိုင်မည်ဖြစ်သည်။