ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၇/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Print Friendly, PDF & Email

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၃) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ ကျင်းပပြုလုပ်သည်။ အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်သည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် ဝန်ဆောင်မှု ကဏ္ဍတွင်  ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဖြစ်သည့် ဟိုတယ် လုပ်ငန်း(၁)ခုကို အတည်ပြုပေးသည်။