“DE HEUS MYANMAR LIMITED” သို့ ကွင်းဆင်းခြင်း

Print Friendly, PDF & Email

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် လွိုင်ကော်ခရိုင်၊ ဒီးမော့ဆို မြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ဒေါကလိုးခူကျေးရွာတွင် မျိုးရင်းဝက်မွေးမြူ ထုတ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်နေသော ဒီဟူးစ်မြန်မာလီမိတက်သို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် သွားရောက်ပြီး ပြည်သူ့ကျန်းမာရေး၊ လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာအသိပညာပေးခြင်းနှင့် လုပ်ငန်းအတွက်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။