Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
COVID-19 ကပ်ရောဂါကာလပြီးနောက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အဆင်ပြေချောမွေ့စေရေးနှင့်စပ်လျဉ်းသည့် VIRTUAL WORKSHOP ကျင်းပခြင်း
COVID-19 ကပ်ရောဂါကာလပြီးနောက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအေဂျင်စီ၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အဆင်ပြေချောမွေ့စေရေးဆိုင်ရာ ဆောင်ရွက်ချက်များ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ အာဆီယံ-ဂျပန်စင်တာ၏ ရန်ပုံငွေနှင့် UNESCAP ၏ နည်းပညာ အကူအညီတို့ဖြင့် Virtual Workshop on the Investment Promotion and Facilitation for Sustainable Development in the Post-Covid-19 Era ကို၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် နေ့လည် ၁၄ ၀၀ နာရီမှ ၁၇ ၃၀ နာရီအထိကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ ASEAN-Japan Centreနှင့်UNESCAP တို့မှ ကိုယ်စားလှယ်များ၊ ဆွေးနွေးပြောကြားသူများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ရုံးချုပ်ရှိ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးရုံးများမှ အရာထမ်းများစုစုပေါင်း၇၀ဦးခန့် တက်ရောက်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပထမဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ Investment and Enterprise Development Section of the Trade, Investment and Innovation Division, UNESCAP မှ အကြီးအကဲဖြစ်သူ Mr. Marc Proksch၊ Research and Policy Analysis Cluster, ASEAN-Japan Centre ၏အကြီးအကဲနှင့် လက်ထောက် ညွှန်ကြားရေးမှူး ဖြစ်သူ Ms. Fujiko Amano တို့က အဖွင့်အမှာစာကားအသီးသီး ပြောကြားခဲ့ပါသည်။ထို့နောက် TIID/IEDS, UNESCAP မှ Economic Affairs Officer ဖြစ်သူ Ms. Heather Taylor-Strauss က COVID-19 ကပ်ရောဂါမတိုင်ခင်နှင့် ကပ်ရောဂါကာလပြီးနောက် မြန်မာနိုင်ငံအပါအဝင် ရွေးချယ် ထားသည့် အာဆီယံနိုင်ငံ အဖွဲ့ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအေဂျင်စီများ၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အဆင်ပြေချောမွေ့စေရေး ဆိုင်ရာ မူဝါဒပိုင်းနှင့် ဆောင်ရွက် ချက်များအား ရေးသားပြုစုထားသည့် Comparative Analysisစာတမ်း (မူကြမ်း)နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုမူဝါဒပညာရှင်၊ International Investment Policy Expert နှင့် UNESCAP ၏အကြံပေးပုဂ္ဂိုလ်ဖြစ်သူ Mr. Douglas van den Berghe က အထူးစီးပွားရေးဇုန်ဆိုင်ရာ အခန်းကဏ္ဍများနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်သည့် အကြောင်းအရာများကို ဆွေးနွေးပို့ချခဲ့ပြီး Non-resident Senior Fellow at India’s National Council of Applied Economic Research, New Delhi and Founder, နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုနှင့် UNESCAP ၏ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ Ms. Premila Nazareth Satyanandက နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုနှင့် Digital Economy နှင့်ပတ်သက်သည့် အချက်များကို ဆွေးနွေး ပို့ချခဲ့ ပါသည်။ ထို့နောက် တက်ရောက်လာသူများကဆွေးနွေးပို့ချခဲ့သောအကြောင်းအရာများအပေါ် အခြေခံ၍ အုပ်စုဖွဲ့၍ သုံးသပ်ဆွေးနွေးခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲကိုညနေ ၁၇ ၃၀ နာရီတွင် ရုပ်သိမ်း ခဲ့ပါသည်။