Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်အဝေးကျင်းပခြင်း
ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဉက္ကဋ္ဌ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ကော်မတီအဖွဲ့ဝင်များ၊ ဆက်စပ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဦးစားပေး ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။