NEW HOPE(MANDALAY) CO., LTD.သို့ကွင်းဆင်းခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် မန္တလေးတိုင်းဒေသကြီး၊ တံတားဦး မြို့နယ်တွင် ကြက်၊ဘဲ အစားအစာ၊ ငါး၊ပုဇွန် အစားအစာနှင့် တိရစ္ဆာန်အစာများ ပြုပြင် ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းဆောင်ရွက်လျှက်ရှိသော New Hope(Mandalay) Co., Ltd.” သို့ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် စီးပွားဖြစ် စတင်သည့်နေ့အား သတ်မှတ်ပေးပါရန်နှင့် ဝင်ငွေခွန်ကင်းလွတ်ခွင့် ခံစားခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စနှင့် စပ်လျဉ်း၍ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိုနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။