Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
VIDEO CONFERENCING SYSTEM ဖြင့် တွေ့ဆုံဝန်ဆောင်မှုပေးခြင်း
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန၊ ဝန်ကြီး ဒေါ်မိုးမိုးစုကြည် ဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့သည် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ် တို့တွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသော MTM(Yangon) Company Limited၊ Oriental Peak Industrial Company Limited၊ Best Win Myanmar Company Limited၊ ၊Mountain Top Global Limited၊PWR Fashion Company Limited၊Nay Shwe Lin Company Limited၊ Hong Ri (Myanmar) Company Limited တို့မှ တာဝန်ရှိသူ များနှင့် ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၁၁ရက်နေ့၊ ၁၂ရက်နေ့ နှင့် ၁၄ရက်နေ့တို့တွင် video conferencing စနစ် အသုံးပြု၍ တွေ့ဆုံခဲ့ပါသည်။ စစ်ဆေးရေးအဖွဲ့သည် စက်ရုံများ၏ Coronavirus Disease 2019(COVID-19) ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာန များတွင် အထူးဂရုပြု လိုက်နာရမည့် အချက်များ (Version 4.0) (Version 4.1) (Version 5.0) လိုက်နာဆောင်ရွက်ထားရှိမှု အခြေအနေကို စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။