Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Oxford Business Group (OBG) မှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခြင်း
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးသည် Oxford Business Group (OBG)မှ Country Director ဖြစ်သူ Ms. Mila Dimitrova နှင့်အဖွဲ့အား ၂၀၁၉ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့၌ လက်ခံတွေ့ဆုံခဲ့ပြီး “The Report Myanmar 2020” စာအုပ်အား ထပ်မံထုပ်ဝေနိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။