Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
မေတ္တာရပ်ခံတောင်းပန်ချက်
၁။ ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် MyCO မှတ်ပုံတင်စနစ် စတင်ထုတ်လွှင့်ပြီးနောက် စနစ်သို့ အများပြည်သူများဝင်ရောက်အသုံးပြုရာတွင် နည်းပညာဆိုင်ရာအခက်အခဲတွေ့ရှိရပါသည်။ ဥပမာအားဖြင့်
(က) MyCO မှတ်ပုံတင်စနစ်တွင် ဝင်ရောက်အသုံးပြုသူများများပြားသဖြင့် Database သို့ ဝင်ရောက်ရန်ကြန့်ကြာနေခြင်း။
(ခ) MyCO မှတ်ပုံတင်စနစ်တွင် ဖြည့်စွက်သည့် ကုမ္ပဏီဆိုင်ရာအချက်အလက်များ အား မှတ်ပုံတင်စနစ်မှ အတည်ပြုဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ရာ တွင် System ၏ အားနည်းချက် ဖြစ်ပေါ်ခြင်း။
(ဂ) ကုမ္ပဏီမှတ်ပုံတင် အချက်အလက်များတင်ပြခြင်းနှင့် အတည်ပြုခြင်းဆောင်ရွက်ရာတွင် စနစ်ပေါ်၌သတင်းအချက်အလက်များပျောက်ဆုံးမှုဖြစ်ပေါ်ခြင်း။
၂။ MyCO နည်းပညာအဖွဲ့မှ အပိုဒ် (၁) ပါ အခက်အခဲများအပေါ် အချိန်မီပြင်ဆင် ဆောင်ရွက် နေခြင်း ဖြစ်ပါသည်။ သို့ရာတွင် စနစ်၏လုပ်ဆောင်မှုများပိုမိုသေချာမှုရှိစေရန်နှင့် အသုံးပြုသူများ ယုံကြည်စိတ်ချမှုရရှိစေရန် လိုအပ်သည့် စမ်းသပ်မှုများဆောင်ရွက်လျက် ရှိပါသဖြင့် ၂၀၁၈ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ (တနင်္လာနေ့)မှ ပြန်လည်ဝင်ရောက်အသုံးပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။
၃။ ကုမ္ပဏီမှတ်ပုံတင်လုပ်ငန်းများ အရေးကြီးဆောင်ရွက်ရန်ရှိပါက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် နယ်ရုံးခွဲများ၏ အများပြည်သူဝန်ဆောင်မှုပေးသည့် Kiosk နေရာ များတွင် (၂-၈-၂၀၁၈၊ ၃-၈-၂၀၁၈၊ ၄-၈-၂၀၁၈) ရက်များတွင် ဖွင့်လှစ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
၄။ MyCO စနစ်အသုံးပြုမှုအတွက် အဆင်မပြေမှုများအားလုံးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာနမှ တောင်းပန်အပ်ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန