![](/wp-content/uploads/2023/06/mifer.png)
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ စတင်အာဏာတည်သည့် ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ ကုမ္ပဏီဆိုင်ရာ မှတ်ပုံတင်လုပ်ငန်းများကို အီလက်ထရောနစ် မှတ်ပုံတင်စနစ် Myanmar Companies Online (MyCO) ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ ၁၉၁၄ သို့မဟုတ် ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီ အက်ဥပဒေတို့နှင့် မှတ်ပုံတင်ထားသော တည်ဆဲကုမ္ပဏီများ၊ အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများ အားလုံးသည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစ၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ၆ လ ကာလအတွင်း ကုမ္ပဏီမှတ်ပုံတင် စနစ်သစ် (MyCO) တွင် သတ်မှတ်ပုံစံ နည်းလမ်းများ အတိုင်း ပြန်လည်မှတ်ပုံတင်ကြပါရန်နှင့် ဤသို့ပြန်လည်မှတ်ပုံတင်ခြင်းအတွက် အခကြေးငွေ ပေးသွင်းရန် မလိုကြောင်း အသိပေးကြေညာအပ်ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန