
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီတို့သည် One Stop Services (OSS) ၏ ဝန်ဆောင်မှု လုပ်ငန်းများ ခိုင်မာအားကောင်းစေရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် လွယ်ကူချောမွေ့ စေရေးအတွက် ပူးပေါင်းရေးဆွဲလျက်ရှိသည့် OSS Standard Operation Procedures (SOPs)မူကြမ်းနှင့် စပ်လျဉ်း၍ Challenges of MIC OSS-Investor-Friendly Services” ခေါင်းစဉ်ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် JICA Expert ဖြစ်သူ Mr. Akihiko Morinaga တို့မှ SOPs (မူကြမ်း) ၊ လုပ်ငန်းကဏ္ဍအလိုက် Flowchart များ ၊ OSS ၏ ဝန်ဆောင်မှုများနှင့် Legal Basis များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် OSS အဖွဲ့ဝင်များမှ အသေးစိတ် အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။