MYANMAR INVESTMENT PROMOTION PLAN (MIPP) နှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်နှီးမြှုပ်နှံမှုများ မြှင့်တင်ရန် ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်းကာ Long Term Foreign Direct Investment Promotion Plan (FDIPP) ကို ၂၀၁၄ ခုနှစ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

          အဆိုပါ FDIPP အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၆)နှင့် အညီ Myanmar Investment Promotion Plan (MIPP) အဖြစ် ပြင်ဆင်ရေးဆွဲလျှက်ရှိရာ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီများနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့မှ ကိုယ်စားလှယ်များနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း ၄၀ ဦး တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးနှင့် Japan International Corporation Agency (JICA) မှ Senior Representative ဖြစ်သူ Mr. Mamoru SAKAI တို့သည် အဖွင့်အမှာစကား အသီးသီးပြောကြားကာ Japan International Corporation Agency (JICA) မှ Team Leader ဖြစ်သူ Mr. Kazuo Mishima က Myanmar Investment Promotion Plan (MIPP) နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက် လာသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို နေ့လည် ၁၂:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။