KOREA INTERNATIONAL COOPERATION AGENCY (KOICA) မှ MR. KIM BYEONG-EUN နှင့်အဖွဲ့အား တွေ့ဆုံဆွေးနွေးခြင်း

Print Friendly, PDF & Email

Korea International Cooperation Agency (KOICA) မှ Director of Economic Development Department ဖြစ်သူ Mr. Kim Byeong-Eun နှင့်အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်အား ရန်ကုန် မြို့၌ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် လာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံတွင် လာရောက် ဆောင်ရွက်မည့် စီမံကိန်း၏ ဖြစ်နိုင်ချေလေ့လာမှု (Feasibility Study) အား ဆောင်ရွက်ပြီး နောက် အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု (PPP) နှင့် အစိုးရ၏ ဘတ်ဂျက်အသုံးပြုမှု ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။