![](/wp-content/uploads/2023/06/mifer.png)
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
သက်ဆိုင်ရာဝန်ကြီးဌာနများမှ ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ အတည်ပြုချက်ပေးရာတွင် လိုအပ်သည့် စံသတ်မှတ်ချက်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁:၀၀ နာရီတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံး၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးအား အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၁၇“ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသတ်မှတ်ခြင်း”အမိန့်ကြော်ငြာစာအရသက်ဆိုင်ရာဝန်ကြီးဌာနများ၏ အတည်ပြုချက်ကိုရယူ၍ ဆောင်ရွက်နိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစား များနှင့် ပတ်သက်၍ လိုအပ်သည့်စံသတ်မှတ်ချက်များ (Criteria) ကိုထုတ်ပြန်နိုင်ရန် ရည်ရွယ်၍ ကျင်းပ ခြင်းဖြစ်ပါသည်။
ညှိနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးမှ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အတည်ပြုချက်ရယူ၍ ဆောင်ရွက်ရမည့် စံထားရမည့် အချက်များအားရှင်းလင်းတင်ပြခဲ့ပြီး သက်ဆိုင်ရာဌာနများမှ ထည့်သွင်းသင့်သည့် အချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ် (၃၅) ဦးတက်ရောက်ခဲ့ပါသည်။