![](/wp-content/uploads/2023/06/mifer.png)
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကိုယ်စား စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းသည် နယ်သာလန်နိုင်ငံ SEO Amsterdam Economics ၏ Head of Global Economics ဖြစ်သူ Ms. Nienke Oomes နှင့် Enclude ၏ Managing Director ဖြစ်သူ Mr. Sonke Buschmann တို့အား ဦးစီးဌာန(ရုံးချုပ်) ၌ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့ (၁၄:၀၀) အချိန်တွင် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် Japan Sub-Account (JSA) အထောက်အပံ့ဖြင့် ဆောင်ရွက်နေသည့် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF)၏ Capacity Building Technical Assistance (CBTA) အစီအစဉ်၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လိုက်ပါ အကောင် အထည်ဖော်ဆောင်ရွက်မှု၏ ဖြစ်ပေါ် တိုးတက်မှု အခြေအနေများ ဆွေးနွေးခဲ့ပါ သည်။