![](/wp-content/uploads/2023/06/mifer.png)
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ မူကြမ်းနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခြင်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ၊ ဦးဇော်မင်း ဦးဆောင်ပြီး ၂ဝ၁၇ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ နံနက် ၁၀:၀ဝ နာရီတွင် အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီ အစည်းအဝေးခန်းမ၊ ရေးရာဆောင် အမှတ်-၁၆၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန မှ တာဝန်ရှိသူများ နှင့် ADB မှ ဥပဒေပညာရှင်များ တက်ရောက်ခဲ့ပါသည်။