![](/wp-content/uploads/2023/06/mifer.png)
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂတို့အကြား ရင်းနှီးမြှုပ်နှံမှုအကာအကွယ်ပေးရေးဆိုင်ရာသဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး စတုတ္ထအကြိမ်ညှိနှိုင်းဆွေးနွေးပွဲကျင်းပရန်အတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့၊ နံနက် ၉:၃၀နာရီတွင်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ရုံးအမှတ် (၁)၊နေပြည်တော်၌ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအကြိုညှိနှိုင်းဆွေးနွေးပွဲအား စတုတ္ထအကြိမ်ညှိနှိုင်းဆွေးနွေးပွဲတွင် ဆွေးနွေးမည့် အချက်များနှင့်စပ်လျဉ်း၍ဌာနဆိုင်ရာများနှင့်ကြိုတင်ညှိနှိုင်းနိုင်ရန်အတွက်ရည်ရွယ်၍ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။အဆိုပါဆွေးနွေးပွဲသို့သက်ဆိုင်ရာဌာနများမှTaskforce အဖွဲ့ဝင်များစုစုပေါင်း (၁၅) ဦးခန့်တက်ရောက်ခဲ့ကြပါသည်။