မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေရေးဆွဲရေးကိစ္စနှင့်စပ်လျဉ်းသည့် ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေရေးဆွဲရေးကိစ္စနှင့်စပ်လျဉ်းသည့် ဝန်ကြီးဌာနများနှင့် ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ၂၀၁၆  ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ နေ့လည် ၁ : ၀၀ နာရီတွင် ရုံးအမှတ်(၁)၊ အစည်းအဝေးခန်းမ(၃)၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါညှိနှိုင်းအစည်းအဝေးအားမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ ၃၆ နှင့် ၄၂ တို့အရထုတ်ပြန်ရန်လိုအပ်သည့်  စီးပွားရေးလုပ်ငန်းအမျိုးအစားများအားသတ်မှတ်နိုင်ရန်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနည်းဥပဒေတွင် ထည့်သွင်းရန်လိုအပ်သည့်အချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါညှိနှိုင်းအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးအောင်နိုင်ဦးမှစီးပွားရေးလုပ်ငန်းအမျိုးအစားများအားသတ်မှတ်နိုင်ရန်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေတွင် ထည့်သွင်းရန်လိုအပ်သည့် အချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး သက်ဆိုင်ရာဌာနများမှ သိရှိလိုသည်များနှင့် ထည့်သွင်းသင့်သည့်အချက်များနှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးခဲ့ကြပါသည်။        

          အစည်းအဝေးသို့ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်(၅၅)ဦးတက်ရောက်ခဲ့ပါသည်။