![](/wp-content/uploads/2023/06/mifer.png)
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Myanmar Doing Business Cost Survey ညှိနှိုင်းအစည်းအဝေးကို (၁၆-၉-၂၀၁၆) ရက်နေ့ နံက်ပိုင်း၌ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ကျင်းပခဲ့ပါ သည်။ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ယင်းနောက် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့၏ အကြံပေးဖြစ်သူ Mr. Toru Homma(Japan Desk, DICA)နှင့် Survey အတွက် တာဝန်ပေးအပ်ခြင်းခံထား ရသည့် အဖွဲ့အစည်းဖြစ်သည့် Myanmar Survey Research(MSR) မှ Director ဖြစ်သူ ဦးရဲညွှန့်တို့က Survey ဆောင်ရွက်ခြင်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပါသည်။
အစည်းအဝေးသို့ ဘာသာရပ်ဆိုင်ရာဌာနများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ယင်း၏ညီနောင် အသင်းများ၊ JETRO နှင့် JICA တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး MSR မှ တင်ပြသည့် Work Plan အပေါ် ဆွေးနွေးကြကာ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို သတ်မှတ်အချိန် အတွင်းအောင်မြင်စွာ ပြီးစီးရေးအပေါ် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ Survey ကို ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ အထောက်အပံ့ဖြင့် Myanmar Survey Research က ဆောင်ရွက်မည်ဖြစ်ပါသည်။