![](/wp-content/uploads/2023/06/mifer.png)
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ပြည်တွင်း၌ ခန့်ထားမည့် နိုင်ငံခြားသားဝန်ထမ်းအား အလုပ်လုပ်ခွင့် လျှောက်ထားလိုလျှင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌထံ လိပ်မူလျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲ တင်ပြရမည်-
– ကုမ္ပဏီတင်ပြစာ (ခန့်ထားမည့်နိုင်ငံခြားသား၏ အမည်၊ နိုင်ငံကူးလက်မှတ်အမှတ်၊ ရာထူး၊ ခန့်အပ်မည့်ကာလ)
– နိုင်ငံကူးလက်မှတ်မိတ္တူ
– ပုံစံ ၈ (အလုပ်လုပ်ခွင့်လျှောက်လွှာပုံစံ)
– ပုံစံ ၉ (နိုင်ငံခြားသား ပြည်တွင်းနေထိုင်ခွင့်ပုံစံ)
– ဒါရိုက်တာအဖွဲ့ဝင်များ၏ တာဝန်ယူကြောင်း ထောက်ခံချက်
– ခန့်အပ်ထားပြီးသော နိုင်ငံသား နှင့် နိုင်ငံခြားသား ဝန်ထမ်းအရေအတွက် (ပြည်တွင်း ဝန်ထမ်း များအား စီမံခန့်ခွဲမှုအဆင့်၊
ကျွမ်းကျင်အဆင့်၊ သာမန်အဆင့်စသည်ဖြင့် ရာထူးနှင့်အရေအတွက်ဖော်ပြရန်)
– မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံကော်မရှင် ခွင့်ပြုမိန့် နှင့် ဆုံးဖြတ်ချက်မိတ္တူ
– ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင်မလာရောက်နိုင်လျှင်)
– နောက်ဆုံးတင်ပြခဲ့သည့် သုံးလပတ်အစီရင်ခံစာမိတ္တူ
– ခန့်ထားမည့်နိုင်ငံခြားသား၏ ကိုယ်ရေးအကျဉ်း
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးဌာနခွဲ
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန