မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းအား MYANMAR AGRIBUSINESS PUBLIC CORPORATION မှ လာရောက်တွေ့ဆုံခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းအား Myanmar Agribusiness Public Corporation ဥက္ကဋ္ဌ ဦးချစ်ခိုင်၊ မန်နေဂျင်းဒါရိုက်တာ ဦးရဲမင်းအောင်နှင့် အကြံပေးဖြစ်သူ ဦးရှုကြိန်တို့သည် (၈-၈-၂၀၁၆) ရက်နေ့  နေ့လည်ပိုင်းတွင်  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်မြို့၌ လာရောက် ဂါရဝပြုတွေ့ဆုံ၍ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။