![](/wp-content/uploads/2023/06/mifer.png)
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်း၍ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းဆိုင်ရာမူဘောင် ဖြစ်ပေါ်လာရေးအတွက် Sub-Group များအလိုက် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့၌ ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရုံးခန်းမတွင် ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ခေါင်းဆောင် သော Task Force အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် JICA မှ ကိုယ်စားလှယ်များ စုစုပေါင်း ၃၀ ဦး ခန့် တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က နိုင်ငံ၏ မူဝါဒပိုင်းဆိုင်ရာနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းဆိုင်ရာမူဘောင် ဖြစ်ပေါ်လာရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ JICA Myanmar Office ၏ Deputy Chief Representative ဖြစ်သူ Mr. Kyosuke INADA က Sub-Group များအလိုက် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ Task Force အဖွဲ့ဝင်က အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများနှင့် အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။