မြန်မာနိုင်ငံတွင် INFRASTRUCTURE PPP FRAMEWORK ဖြစ်ပေါ်လာရေးအတွက် DICA-JICA DISCUSSION SERIES ၏ အပြီးသတ်အစည်းအဝေး

Print Friendly, PDF & Email

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်း၍ Wrap-up Meeting for DICA-JICA Discussion Series on Infrastructure PPP framework in Myanmar ကို ၂၀၁၆ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ တွင် ကျင်းပရာ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်  သက်ဆိုင်ရာဝန်ကြီးဌာနများမှ Taskforce အဖွဲ့ဝင် (၁၂) ဦး၊  JICA Myanmar Office မှ ကိုယ်စားလှယ် (၄) ဦးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်း         (၁၄) ဦး စုစုပေါင်း ၃၀ ဦး တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် JICA Myanmar Office မှ Deputy Chief Representative ဖြစ်သူ Mr. Kyosuke INADA က မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးပိုင်းဆိုင်ရာ အခြေခံအဆောက် အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ မူဘောင်တို့နှင့် စပ်လျဉ်းသည့် အစီရင်ခံစာ (မူကြမ်း)ကို ရှင်းလင်းတင်ပြခဲ့ပြီး Taskforce အဖွဲ့ဝင်များက DICA-JICA Discussion Series နှင့်ပတ်သက်၍ ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေး(၆)ကြိမ်နှင့် စင်ကာပူနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံတို့သို့ သွားရောက်ခဲ့သည့် လေ့လာရေးခရီးစဉ်များတွင် ရရှိခဲ့သည့် ၎င်းတို့၏ အတွေ့အကြုံ များကို မျှဝေဆွေးနွေးခဲ့ကြကာ အစည်းအဝေးကို နေ့လည် ၁၃:၀၀ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။