OK MYANMAR CO., LTD. နှင့်တွေ့ဆုံဆွေးနွေးခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် တွဲဖက်အတွင်းရေးမှူး ဒေါ်မြသူဇာသည် OK Myanmar Co., Ltd. မှ ဒါရိုက်တာ ဦးဇော်ဝိတ်  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား (၁၆-၁၂-၂၀၁၅) ရက်နေ့ ၁၃:၀၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်း မြို့နယ်၊ ရန်ကုန်မြို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။