အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

Print Friendly, PDF & Email

နိုင်ငံတကာ သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသည့် ပုဂ္ဂလိကကျောင်းများနှင့် ပြည်ပတက္ကသိုလ်များနှင့် ချိတ်ဆက်သင်ကြားသည့် အဆင့်မြင့် ပညာပုဂ္ဂလိကကျောင်းများနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်အား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)၌ ၂၀၁၉ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ အရာထမ်းများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင် မှ တာဝန်ရှိသူများနှင့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ စုစုပေါင်း ၂၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။