COCA-COLA PINYA BEVERAGES MYANMAR LTD. နှင့် COLGATE-PALMOLIVE (MYANMAR) LTD.သို့ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော အရက် ပါဝင်ခြင်း မရှိသော အဖျော်ယမကာနှင့် သောက်ရေသန့်များထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လှိုင်သာယာစက်မူဇုန်နှင့် မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ Coca-Cola Pinya Beverages Myanmar Ltd. နှင့် Oral Care Products နှင့် Personal Care Products အမျိုးမျိုးထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ရွှေပြည်သာ စက်မူဇုန်၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိColgate-Palmolive (Myanmar) Ltd.သို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါ၀င်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ သုံးလပတ် အစီရင်ခံစာ၊ ထုတ်လုပ်မှုအခြေအနေ၊ စီးပွားဖြစ်စတင်ဆောင်ရွက်ပြီးအခြေအနေ၊ အလုပ်သမား ခန့်ထားမှု၊ ပတ်၀န်းကျင်စီမံခန့်ခွဲမှုအစီအစဉ်၊ ပုဂ္ဂလိကစက်မှုမှတ်ပုံတင်၊ လုံခြုံမှုအထောက် အထားလက်မှတ်နှင့် မတည်ငွေထည့်၀င်မှုအခြေအနေစသည်များကို ၂၀၁၇ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ပါသည်။